MNP ၊ ဩဂုတ် ၂၄
မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေယာဥ်ကွင်းအသစ်တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းဧရိယာအတွင်း ပါဝင်သော မြေဧရိယာများအတွက် လျော်ကြေးငွေများကို ယမန်နေ့က မုဒုံမြို့နယ်ရှိ ရွှေဟင်္သာခန်းမ၌ မြေပိုင်ရှင်ျား၏ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ထိုသို့ မြေယာလျော်ကြေးငွေထုတ်ပေးနေမှုများကို မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယ ဗိုလ်မှူးကြီးမိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ တာဝန်ရှိသူများက ငွေပေးချေရာတွင် လိုအပ်သော အထောက်အထား မှတ်တမ်းများ ပြုလုပ်ပေးခြင်း၊ လျော်ကြေးပေးချေရမည့် ပုံစံ (၁၂) အရ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဧရိယာ (ဧက)စစ်ဆေးခြင်းနှင့် ချက်ဖြင့်ငွေပေးချေခြင်းတို့ကို ပူးပေါင်းကူညီဆောင်ရွက်ပေးသည်။
ထို့နောက် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းဧရိယာအတွင်း လမ်းဦးစီးဌာန၏မြေအဖြစ် အသုံးပြုရန် ပါဝင်သော တောင်သူ(၉၁)ဦး၏ လယ်ဧက (၇၅ ဒသမ ၇၃) အတွက် လျော်ကြေးငွေစုစုပေါင်း ၁,၄၇၈,၀၁၄,၈၂၀ ကျပ်ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment