ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်တော်နှင့် လွယ်မွေတောင်သို့ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်တော်နှင့် လွယ်မွေတောင်သို့ ကွင်းဆင်းကြည့်ရှု



MNP ၊  ဩဂုတ်  ၂၆

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများသည် သြဂုတ်(၂၄)နံနက်(၈)နာရီက ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဥယျာဉ်တော်သို့သွားရောက်၍ အဘယရာဇမုနိဘုရားအား ဖူးမျှော်ကြည်ညို၍ လောကသရဖူစေတီတော်နှင့် သတ္တသတ္တာဟမဟာဗောဓိစေတီအသစ် တည်ထားကိုးကွယ်မည့် နေရာဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့လွယ်မွေတောင်သို့ သွားရောက်ရာ ကျိုင်းတုံ-လွယ်မွေလမ်း ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးဦးနေလင်း(မြို့ပြ)ကျိုင်းတုံမှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး လွယ်မွေကန်တံတားနှင့်ပတ်သက်၍ တံတားဦးစီးဌာနမှ ဦးသန့်ဇင် ဒတိယညွှန်ကြားရေးမှူး (ကျိုင်းတုံ)မှ တံတားနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့်ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာန (ကျိုင်းတုံ)မှ တာဝန်ရှိသူတစ်ဦးမှ လွယ်မွေရေကန် တာဘောင်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းကြကြောင်း သိရသည်။


ကျိုင်းတုံ-လွယ်မွေလမ်း ၁၉.၈Km -၂၀.၃Km အတွင်း(၂)နေရာ လမ်းကွေ့နေရာများအား လမ်းဖြောင့်၍ မြေတောင်ချဲ့ခြင်း၊ မျက်ကွယ်ကုန်းများအား ဖြတ်ထုတ်ခြင်းနှင့် မြေသားလမ်း လုပ်ငန်းဆောင်ရွက်ကြောင်း သိရသည်။


၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွယ်မွေအခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းစာကြည့်တိုက်များအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)