မဒေါက်မြို့တွင် ရပ်ကွက်အနိမ့်ပိုင်းနေရာများ၌ ရေများဝင်ရောက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဒေါက်မြို့တွင် ရပ်ကွက်အနိမ့်ပိုင်းနေရာများ၌ ရေများဝင်ရောက်လျက်ရှိ


MNP ၊ ဩဂုတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့တွင် မိုးများအဆက် မပြတ်ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေသည် ဩဂုတ်လ ၈ ရက် နံနက် ၁၂ နာရီ ၃၀ အချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာအထက် ၁၁၀၄ စင်တီမီတာသို့ရောက်ရှိနေပြီး ရပ်ကွက်အနိမ့်ပိုင်းနေရာများ၌ မြစ်ရေဝင်ရောက်လျက် ရှိကြောင်း သိရသည်။

စစ်တောင်းမြစ်ရေဝင်ရောက်မှုနှင့်ပတ်သက်၍ မဒေါက်မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က “အခုကမ်းနဖူးရေကျော်ပြီး ငွေသောင်ယံပိုင်းကိုတော့ ရေလွှမ်းနေပြီခင်ဗျ၊ တန်ဆောင်တိုင်ကွင်းလဲ ရေမြှပ်သွားပြီ၊ မွန်စုပိုင်းလည်းရေဝင်နေပြီ၊ မွန်စုကတော့ ပိဆိုးတာပေါ့၊ ငွေသောင်ယံပိုင်းထက်ပိုနိမ့်တယ်၊ မြစ်ရေစိုးရိမ်မှုကတော့ ၁၂၀၀ စင်တီကျော်လာရင် ကယ်ဆယ်ရေးစခန်းဖွင့်မှာပါ”ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် မြစ်ရေဝင်ရောက်မှုမှာ မြို့မ(၁)ရပ်ကွက်တွင် မွန်စုပိုင်း၊ မြို့မ(၂)ရပ်ကွက်တွင် ငွေသောင်ယံပိုင်းနှင့် အနိမ့်ပိုင်းနေရာများ မြစ်ရေများ ဆက်လက်ဝင်ရောက်လျက်ရှိပြီး မြစ်ရေကြီးမှု အန္တရာယ်ကြုံတွေ့ လာပါက ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရန် တိုင်တရာ ဘုန်းကြီးကျောင်းနှင့် တံခွန်တိုင်ဘုန်းကြီးကျောင်းတို့တွင် ကြိုတင်စီစဉ်ထားပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အရန်သင့်စီစဉ်ထားရှိကြောင်း မဒေါက်မြို့ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်ထံမှ သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)