ကျိုက်မရောမြို့၌ မိုးအဆက်မပြတ်ရွာသဖြင့် ကမ်းနားလမ်းရှိအနိမ့်ပိုင်းနေရာများသို့ မြစ်ရေများဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်မရောမြို့၌ မိုးအဆက်မပြတ်ရွာသဖြင့် ကမ်းနားလမ်းရှိအနိမ့်ပိုင်းနေရာများသို့ မြစ်ရေများဝင်ရောက်




MNP ၊ သြဂုတ် ၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ သြဂုတ် ၄ ရက်နေ့မှစတင်ကာ မိုးများအဆက်မပြတ်  ရွာသွန်းသဖြင့် ယနေ့နံနက်ပိုင်း၌ ရှင်စောပုရပ်ကွက် ၁ ကမ်းနားပိုင်းရှိ အနိမ့်ပိုင်းရပ်ကွက်များသို့ အတ္တရံမြစ်ရေများ  စတင်ဝင်ရောက်နေပြီဖြစ်သည်။

ယနေ့နံနက်ပိုင်းကစတင်ကာ ရှင်စောပုရပ်ကွက် ကမ်းနားပိုင်း၊ ထုံးဘိုပိုင်းရှိ မြစ်ကမ်းဘေးနေရာ၌   ရေနှစ်ပေခန့်ဝင်ရောက်လျက်ရှိပြီး နေအိမ်အောက်ထပ်များသို့ ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း ထုံးဘိုပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူတစ်ဦးထံမှ သိရသည်။

ကျိုက်မရောမြို့နယ်တွင် သြဂုတ်လ ၈ ရက်နေ့၏ အတ္တရံမြစ်ရေ အမှတ်မှာ ၄၄၀ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်မှာ ၅၂၀ စင်တီမီတာဖြစ်ကြောင်းနှင့် မိုးရေချိန်မှာ ၁.၀၆ လက်မရှိကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)