ဆလုံ(မော်ကယ်)တိုင်းရင်းသားများအား ဆန်၊ ဆီများထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆလုံ(မော်ကယ်)တိုင်းရင်းသားများအား ဆန်၊ ဆီများထောက်ပံ့ပေးအပ်



MNP ၊ ဩဂုတ် ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အတွင်းရှိ ဆလုံ(မော်ကယ်)တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၃-၂၀၂၄၊ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆန်၊ ဆီထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဘုတ်ပြင်းမြို့ ပုလဲရွေရည်ခန်းမတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ အခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အစဉ်အမြဲ အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ ယခုနှစ်တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဘုတ်ပြင်းခရိုင်အတွင်းရှိ မော်ကယ်ဆလုံလူမျိုးများ အတွက် ဆန်နှင့် ဆီများကို ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် နောက်လာမည့်နှစ်များတွင် ယခုကဲ့သို့ ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ကျော်အာင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းတို့က ဘုတ်ပြင်းမြို့ အလယ်မန်ကျေးရွာအုပ်စု ကျေးရွာ(၂)ရွာနှင့်၊ ကရသူရိမြို့ မသေကျေးရွာအုပ်စု ကျေးရွာ(၃)ရွာ မှဆလုံတိုင်းရင်းသားများ အိမ်ထောင်စု(၁၀၃)စုရှိ ဆလုံတိုင်းရင်းသားများကို အိမ်ထောင်စုတစ်စုလျှင် ဆန်သုံးအိတ်၊ ဆီငါးပိဿာနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာမှ ဆလုံတိုင်းရင်းသား တိုင်းရင်းသူများက လက်ခံရယူခဲ့ပြီး ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ဆလုံတိုင်းရင်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)