ရွှေကျင်မြို့တွင် မြစ်ရေများဝင်ရောက်လာမှု‌ကြောင့် အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ပြောင်းရွှေ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေကျင်မြို့တွင် မြစ်ရေများဝင်ရောက်လာမှု‌ကြောင့် အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ပြောင်းရွှေ့


MNP ၊ ဩဂုတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေနှင့်ရွှေကျင်မြစ်ရေများ မြင့်တက်လာကာ အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ယနေ့နံနက်ပိုင်းမှစ၍ ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။

စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည်(၁၀၇၀)စင်တီမီတာနှင့် ရွှေကျင်မြစ်ရေ၏ စိုးရိမ်ရေအမှတ်သည်(၇၀၀)စင်တီမီတာဖြစ်ပြီး ယနေ့နံနက်(၁၁)ခွဲအချိန် တိုင်းထွာချက်အရာ  စစ်တောင်းမြစ်ရေသည် (၁၁၀၃)စင်တီမီတာနှင့်ရွှေကျင်မြစ်ရေသည် (၆၅၅)စင်တီမီတာသို့ရောက်ရှိနေပြီး အဆိုပါမြစ်ရေများ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများဖြစ်သည့် ညောင်ဝိုင်းရပ်ကွက်၊ မကျည်းတန်းရပ်ကွက်နှင့်အနောက်ဘက်ကျေးရွာများအတွင်းသို့ ရေများဝင်ရောက်ခဲ့သည့်အတွက် နေအိမ်များနစ်မြုပ်ခဲ့သည့် ဒေသခံပြည်သူများက မိမိတို့၏နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။


ထွန်းထွန်းဇော်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)