တောင်ကုတ်မြို့၌ ကျောင်းသားလူငယ်များနှင့် စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကုတ်မြို့၌ ကျောင်းသားလူငယ်များနှင့် စာဖတ်ဝိုင်းကျင်းပ





MNP ၊  ဩဂုတ်  ၁၀

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ဒေးကာနယ်ဂျီ၏ ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ကိုယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သန်းနု က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များ အားရှင်းလင်းပြောကြားပြီးနောက် စာဖတ်ဝိုင်းကိုကျင်းပရာ မတင်နီလာဝင်း က အပြစ်မတင်ဘဲ အလုပ်ဖြစ်အောင်လုပ်ပါ စာစုကိုလည်းကောင်း ၊ မနှင်းသက်ဝေ က လူအများနှင့်ပြေပြေပြစ်ပြစ် ဆက်ဆံနည်း စာစုကိုလည်းကောင်း ၊ မေမြတ်သူက ရန်သူရှာနည်း ၊ ရှောင်နည်း စာစုကိုလည်းကောင်း ဖတ်ကြားဆွေးနွေးကြသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးအနေဖြင့် စာဖတ်သူတိုးပွား လာစေရန် ၊ ကျောင်းသား၊ကျောင်းသူလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုတတ်လာစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိလာသည့် အသိပညာဗဟုတများ ကိုပြန်လည်မျှဝေဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲ သို့ ကျောင်းသူ(၁၅)ဦးတက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)