သတင်းဆောင်းပါးရေးသားနည်း၊ သတင်းမှတ်တမ်းဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူး နည်းသင်တန်း (၁/၂၀၂၃)ဆင်းပွဲ အခမ်းအနား မုံရွာမြို့တွင် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သတင်းဆောင်းပါးရေးသားနည်း၊ သတင်းမှတ်တမ်းဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူး နည်းသင်တန်း (၁/၂၀၂၃)ဆင်းပွဲ အခမ်းအနား မုံရွာမြို့တွင် ကျင်းပ



MNP ၊  ဩဂုတ်  ၁၂

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှကြီးမှူးပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများ သွက်လက်မှန်ကန်မြန်ဆန်စွာဖြင့် ပြည်သူသို့ ဝန်ဆောင်မှုများဆောင်ရွက်ပေးနေမှုအခြေအနေများ အားမိဒီယာနည်းဖြင့် ပြည်သူများ ပိုမိုသိရှိစေရန်ရည်ရွယ်ပြီး (၂)ရက်ကြာဖွင့်လှစ်ခဲ့သော သတင်းဆောင်းပါးရေးသားနည်းနှင့် သတင်းမှတ်တမ်းဓာတ်ပုံများ၊ ဗီဒီယိုများ စနစ်တကျ ရိုက်ကူးမှတ်တမ်းတင် ထိန်းသိမ်းနည်းသင်တန်း(၁/၂၀၂၃) ဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၉ ရက်နေ့၊ ညနေပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က သင်တန်းဆင်းများအနေဖြင့် သင်တန်းမှ တတ်မြောက်ထားသော ပညာရပ်များဖြင့် မိမိတို့ နိုင်ငံအကျိုး၊ဌာနအကျိုးများကို အားလုံးဝိုင်ဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ပြည်သူများအား  မီဒီယာကတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။


အဆိုပါ ဖွင့်လှစ်ခဲ့သော သင်တန်းတွင်  မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက သတင်းဗီဒီယို ရိုက်ကူးရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သတင်း ရယူခြင်း၊ ရိုက်ကူးခြင်းနှင့် သတင်းအမျိုးအစားအလိုက် တင်ဆက်ခြင်းလုပ်ငန်းများ ကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးထိန်လင်းက မိုဘိုင်းဖုန်းဖြင့် လက်တွေ့သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းများကိုလည်း သင်တန်းသားသင်တန်းသူ(၂၅)ဦးအား ဩဂုတ်လ(၈)ရက်နေ့မှ ဩဂုတ်လ(၉)ရက်နေ့အထိ သင်တန်းကာလ (၂)ရက်ကြာစာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)