MNP ၊ ဩဂုတ် ၂၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့နယ် သမဝါယမဦးစီးဌာနနှင့်ငါးလုပ်ငန်းဦးစီးဌာနတို့မှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နမ်ခမ်ကျေးရွာ ငါးမွေးမြူရေး သားငါးထုတ်လုပ်မှု သမဝါမအသင်းသို့ ထပ်တိုးရင်းနှီးထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀) နှင့် ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးက ငါးမွေးမြူရေးဆိုင်ရာ နည်းစနစ်များနှင့် ငါးမွေးမြူရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားကာ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀)ကို မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ကလည်းကောင်း၊ ငါးခုံးမငါးသားပေါက်ကောင်ရေ (၁၇၀၀၀) ကို မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးမှလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ နမ်ခမ်ကျေးရွာ ငါးမွေးမြူရေး သားငါးထုတ်လုပ်မှု သမဝါမအသင်းသားတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့နယ် သမဝါယမဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဥ်လမ်းညွှန်ချက်နှင့်အညီ ဒေသခံပြည်သူများ တပိုင်တနိုင် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန်၊ သဘာဝငါးသယံဇာတများ အပြည့်အဝအသုံးချတတ်စေရန်နှင့် မိသားစုတစ်စုချင်းစီ ငါးစားသုံးမှုပိုမိုမြင့်တက်လာစေရန်၊ ငါးသယံဇာတများ တိုးပွားလာစေရန်ရည်ရွယ်၍ နည်းပညာနှင့်ရင်းနှီးထောက်ပံ့ငွေများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ယောရွှေနီ
https://t.me/MyanmarNationalPost
No comments:
Post a Comment