MNP ၊ ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၁၆ ရက်နေ့၊ နေ့လယ်ပိုင်းက မုံရွာမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်တင်မိုး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ၊ ခရိုင်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက နိုင်ငံတော်မှပေးအပ်သည့် တာဝန်များအား သစ္စာရှိရှိဖြင့်ကျေပွန်အောင် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်နေမှုအား အသိအမှတ်ပြုသည့်အနေဖြင့်လည်းကောင်း၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိုရှေးရှု၍လည်းကောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကြီးကြပ်မှုဖြင့် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များအဖြစ် ဆန်နှင့်ဆီတို့ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ဝန်ထမ်းနှင့်မိသားစုများ၏ စားဝတ်နေရေးအထိုက်အလျောက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် နိုင်ငံ့တာဝန်များအား သစ္စာရှိရှိဖြင့် ကျေပွန်စွာထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများလက်ဝယ်အရောက် အခြေခံစားသောက်ကုန်ပစ္စည်းများအား အသီးသီးပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ယနေ့အခမ်းအနားတွင် မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနေဖြင့် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ၂၄ ပြည်ဝင်အိတ်-(၁၀)အိတ်၊ ဆီ တစ်ပိဿာဗူး -(၆၀) ဗူးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment