မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက် အ-မ-ကတွင်အသက်(၅)နှစ်နှင့်အထက်ကျောင်းသား/သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက် အ-မ-ကတွင်အသက်(၅)နှစ်နှင့်အထက်ကျောင်းသား/သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ





MNP ၊  ဩဂုတ်  ၁၂

ရခိုင်ပြည်နယ် မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက်အ-မ-က-တွင် အသက်(၅)နှစ်နှင့်အထက်ကျောင်းသား/သူ များကိုကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်ထိုးနှံပေးခြင်းအား ယနေ့ နံနက်၁၀နာရီခွဲက အဆိုပါကျောင်း၌ ထိုးနှံပေးခဲ့သည်။


      ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ရန်အောင်မြင် အ-မ-က ရှိအသက်(၅)နှစ်ပြည့်ပြီး KG ကျောင်းသား/သူ(၈)ဦးအားSecond Dose အဖြစ်ထိုးနှံပေးရာ ဆေးမထိုးမီ ကျန်းမာရေးဝန်ထမ်းများကကျောင်းသား/သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊သွေးပေါင် ချိန် တိုင်းတာပေးခြင်း၊  စနစ်တကျ စာရင်းရေးသွင်းခြင်းများပြုလုပ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးနောက် မိနစ်(၃၀)ခန့်အနားယူစေကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိ သည်။


    မာန်အောင်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား အသက်အလိုက်သတ်မှတ်ပြီး ဆေးထိုးသတ်မှတ်ရက် ပြည့်သူများကို အကြိမ်ရေအလိုက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။



ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)