MNP ၊ ဩဂုတ် ၃၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း တို့သည် ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေပါတီရုံးခန်းမတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းမှ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ် ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီ က ပါတီမှဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကာလပိုင်းခြား သတ်မှတ်၍ ဆောင်ရွက်နေသည့် စီမံချက်များ၊ Project Cycle Management ဆိုင်ရာ သိရှိရမည့်အချက်အလက်များအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
၎င်းနောက် ပါတီဒုတိယဥက္ကဋ္ဌ၊ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ဟိန်းက ပါတီ၏ လုပ်ငန်းစိစစ်ရေးဆိုင်ရာ အချက်အလက်များ၊ စာရင်းဇယားများ၊ ကိစ္စရပ်များကို စနစ်တကျ သေချာစွာစိစစ်ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပါတီဝင်အင်အားစာရင်းများအား သေချာစွာ စနစ်တကျထိန်းသိမ်းထားရှိရေးနှင့် ခေတ်စနစ်နှင့်အညီ ပြောင်းလဲလာသော နည်းပညာရပ်များကို လေ့လာသင်ကြားသိရှိထားကြရန် ပြောကြားခဲ့ပြီး တွေ့ဆုံပွဲအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
Photo - USDP
#MyanmarNationalPost
No comments:
Post a Comment