MNP ၊ ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၀) စက်မှုလယ်ယာစခန်းမှ မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့က ရွဲသီးလမ်းဘေး ရေတွင်းကျေးရွာအုပ်စု၊ လိပ်တက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးသိန်းထွန်းစံက မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးရခြင်း၏ရည်ရွယ်ချက်နှင့် အားသာချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အမှတ်(၆၀)စက်မှုလယ်ယာစခန်းဦးစီးဌာနမှူး ဦးအောင်ဝင်းက တောင်သူဦးကြီးများအတွက် စပါးပိုလျှံရေး၊ ပန်းတိုင်အထွက်တိုးရေး၊ (၆)တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးခြင်းများကို သရုပ်ပြစိုက်ပျိုးပြသခဲ့ပြီး ကောက်စိုက်စက်၏ ဝန်ဆောင်ခနှုန်းထားမှာ တစ်ဧက(၄၈၀၀၀)ကျပ်ဖြစ်ပြီး စိုက်ပျိုးလုပ်ကိုင်မည့် တောင်သူများအနေဖြင့် မြို့နယ်စက်မှုလယ်ယာစခန်းနှင့်ချိတ်စပ်၍ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးပွဲကို ကွင်းအမှတ် (၁၅၉၂)တွင် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးဌာနမှူး ဦးသိန်းထွန်းစံ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟာမန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်သူ၊ ဦးစီးအရာရှိ ဦးအောင်ဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ပြီး ကောက်စိုက်စက်ဖြင့် လက်တွေ့စိုက်ပျိုးနေမှူများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment