ရွှေတောင်မြို့နယ်အတွင်းဒေသဖွံဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်းဒေသဖွံဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး








MNP ၊  ဩဂုတ်  ၃

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည် / ကော်ပါဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့ နေ့လယ်ပိုင်းက ဒေသဖွံဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။


အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စုရှိ မြေဧရိယာ ( ၀.၉၉) ဧကတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ အဆောက်အဦဆောက်လုပ်နေမှုအခြေအနေများ၊ ရွှေတောင်မြို့မစည်ပင်သာယာစျေးအတွင်း စျေးရုံအမှတ် ( ၃) နှင့် ( ၄)တို့ရှိ ပျံကျစျေးတန်း အမိုးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ဝါးတောကျေးရွာအုပ်စု၊( အလက)အမြောက်တပ် ( ၁၂၀x၃၀) ပေ STEEL STRUCTURE ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ကျောက်မြင့်ကျေးရွာအုပ်စု၊ (အမက) ကျောက်မြင့် ( ၆၀x၃၀)ပေ STEEL STRUCTURE ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် မင်းကွန်းကျေးရွာအုပ်စု၊ ရွာလှကျေးရွာ၊ တောင်သူ ဦးမျိုးမင်းသိန်း၏ ရွှေနံသာပေါ်ဆန်း( ၂) ဧက ပျိုးဗန်းဖြင့်ပျိုးထောင်ထားရှိမှု အခြေအနေများ၊ ရွှေတောင်မြို့နယ် ၊ ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ ဖိုးခေါင်ကျေးရွာနေ ဒေါ်ဝင်းစံပယ် ၏ အသားတိုးကြက်ကောင်ရေ( ၇၀၀၀)ကောင် မွေးမြူထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့​ပြီး ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည် / ကော်ပါဌာနဆိုင်ရာအကြီးအကဲများ ကွင်းဆင်း စစ်ဆေးကြည့်ရှုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တည် / ကော်ပါဌာနဆိုင်ရာအကြီးအကဲများ က သက်ဆိုင်ရာလုပ်ငန်းအလိုက် လုပ်ငန်းအကောင်ထည်ဆောင်ရွက်နေမှုအ​​ခြေအနေများအားရှင်းလင်းတင်ပြရာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်မှ လိုအပ်သည်များ ကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)