ခေတ်မီစက်မှုလယ်ယာစနစ်သို့ အချိတ်အဆက်မိမိ ကူးပြောင်းဆောင်ရွက်နိုင်ရေး အားပေးကူညီဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခေတ်မီစက်မှုလယ်ယာစနစ်သို့ အချိတ်အဆက်မိမိ ကူးပြောင်းဆောင်ရွက်နိုင်ရေး အားပေးကူညီဆောင်ရွက်


MNP ၊  ဩဂုတ် ၃

ကောက်စိုက်စက်၊ ကောက်စိုက်စက်နှင့်တွဲဖက်သုံး မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း အခမ်းအနားကို ယမန်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ ကွင်းအမှတ်(၁၆၅၉)၌ ကျင်းပသည်။ 

အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသနေ တောင်သူလယ်သမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က လယ်ယာကဏ္ဍဖွံ့ဖြိုးစေရန်နှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြှင့်တင်ပေးနိုင်ရန် အထွက်နှုန်းကောင်း အရည်အသွေး ကောင်း သီးနှံမျိုးများ အသုံးပြုနိုင်ရေး၊ ခေတ်မီစိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များ အသုံးပြုနိုင်ရေး အပြင် စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ဆောင်ရွက်ခြင်းနှင့်အတူ ခေတ်မီစက်မှုလယ်ယာ စနစ်သို့ အချိတ်အဆက်မိမိ ကူးပြောင်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ယခုကဲ့သို့ သရုပ်ပြပွဲများ နည်းပညာ  ပေးအခမ်းအနားများမှရရှိသော နည်းပညာများကို စနစ်တကျ လိုက်နာအသုံးပြုပြီး မိမိတို့၏ အတွေ့ အကြုံကောင်းများကို အခြားတောင်သူများကို လက်ဆင့်ကမ်းဖြန့်ဝေခြင်းဖြင့် ဒေသနေတောင်သူ များအားလုံး အဆင့်မြင့်စိုက်ပျိုး ထုတ်လုပ်မှုနည်းပညာများ ကျင့်သုံးဆောင်ရွက်လာစေရေး ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကောက်စိုက်စက်၊ ကောက်စိုက်စက် ဖြင့် တွဲဖက်သုံးပြုသည့် မျိုးစေ့ချကိရိယာဖြင့် မိုးစပါး စိုက်ပျိုးခြင်းအခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စပါးမျိုးစေ့ချပျိုးထောင်စက်ဖြင့် ပျိုးဗန်းအတွင်း စပါးမျိုးစေ့ချ ပျိုးထောင်လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပျိုးသက်ရက်အလိုက် ခင်းကျင်းပြသထားသည့် စပါးပျိုးပင်များကို ကြည့်ရှုကြသည်။

ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက ကောက်စိုက်စက် အသုံးပြု၍ မိုးစပါး ကောက်စိုက်သရုပ်ပြသမှုနှင့် ကောက်စိုက်စက်နှင့် တွဲဖက်အသုံးပြုသည့် မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြသမှု၊ ကောက်ရိုးဗေဒါရိုးပြတ် နွားချေးများကို သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်သုံးစွဲမှုတို့ကို ကြည့်ရှုအားပေးကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)