MNP ၊ ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ဒေါင်းမြတ်နားကျေးရွာအုပ်စု တောင်ဘို့ကွင်းမြစိမ်းရောင် ကျေးရွာတွင်စီးပွားဖြစ် ဆိတ်မွေးမြူရေးခြံရှိ ဆိတ်မွေးမြူထားရှိမှု အခြေအနေအားလည်းကောင်း၊ ဒန့်ဒလွန်ကျေးရွာအုပ်စု ညောင်ဖြူကျေးရွာရှိ မြစိမ်းရောင်ကျေးရွာ စီးပွားဖြစ် ဆိတ်မွေးမြူရေးခြံရှိ ဆိတ်မွေးမြူထားရှိမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ စွယ်တော်ကျေးရွာအုပ်စုရှိ Ep-4 ရေနံအစမ်းတွင်း တူးဖော်သည့် နေရာသို့ ရောက်ရှိကာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအားလည်းကောင်း၊ ဖောင်းကန်ရပ်ကွက်တွင် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကတ္တရာလမ်းဖာထေးပြုပြင်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ဝန်လိုရပ်ကွက်ရှိ သဘာဝ အရသာ သစ်သီးယိုစုံ ထုတ်လုပ်သည့်လုပ်ငန်းအားလည်းကောင်း၊ ကြခပ်ရပ်ကွက်ရှိ လူထူဆည်(အုတ်ဆည်ကြီး)တွင် ရေတံခါးရွက်များ တပ်ဆင်နေမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment