ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ကားပြပွဲ ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ကားပြပွဲ ကျင်းပမည်



MNP ၊ သြဂုတ် ၁၀

ရန်ကုန်မြို့တွင် လာမယ့် ဩဂုတ်လ (၁၈) ရက်ကနေ (၂၀) ရက်နေ့အထိ ပထမဆုံးအကြိမ် ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ကားပြပွဲ Renewable Energy and EV Myanmar 2023 ( REEV Myanmar 2023 ) ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ပြပွဲကို မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် ဖြန့်ဖြူး ရောင်းချသူများအသင်း (MAMDA) နဲ့ IMS Silver Sea Exhibition Co. Ltd. တို့ ပူးပေါင်း စီစဉ်ခြင်းဖစ်ပြီး Yangon Convention Center- YCC မှာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

REEV Myanmar 2023 မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ( နေ‌ရောင်ခြည်စွမ်းအင်နှင့် ဆက်စပ်ပစ္စည်း ) တွေ၊ လျှပ်စစ်ကား EV တွေကို ခင်းကျင်း ပြသသွားမှာ ဖြစ်ပြီး ဆိုလာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ဝန်ဆောင်မှုတွေကို တစ်နေရာတည်း တစ်စုတစ်ဝေးတည်းမှာ ရွေးချယ် ဝယ်ယူ ရရှိနိုင်မည်ဖြစ်ပြီး ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ကားဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏  ဟောပြော ဆွေးနွေးပွဲတွေကိုလည်း အခမဲ့ ကြည့်ရှု နားထောင်နိုင်မည်ဖြစ်သည်။

ပထမဆုံးအကြိမ် ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ကားပြပွဲ Renewable Energy and EV Myanmar 2023 ( REEV Myanmar 2023 ) တွင် ကုမ္ပဏီပေါင်း ၁၉ ခုမှ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)