အုတ်တွင်းမြို့နယ်၌ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်မြေများအားမိုးစပါး ပြန်လည်စိုက်ပျိုးနေမှု ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်မြေများအားမိုးစပါး ပြန်လည်စိုက်ပျိုးနေမှု ကွင်းဆင်းကြည့်ရှု



MNP ၊  ဩဂုတ်  ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်မြေများအား မိုးစပါးပြန်လည်စိုက်ပျိုးနေမှုကို ယနေ့နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနေဝင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဥယျာဉ်တော်ကျေးရွာနှင့် နတ်စင်ကုန်းကျေးရွာများရှိ ရေ​ကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်မြေများအား တောင်သူများမှ မိုးစပါးပြန်လည်စိုက်ပျိုးမှု အခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပေါက်တောကျေးရွာအုပ်စုမှ “လင်း” ကြက်မွေးမြူရေးခြံ မြေလွတ်နေရာများ၌ နှစ်ရှည်ပင်နှင့် ရာသီသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုခဲ့ပြီး ခရိုင်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


အေမင်းရည်စော

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)