MNP ၊ ဩဂုတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၊ မြို့အဝင်ဂိတ်တွင် တရားမဝင်ကုန်စည်များ တင်ဆောင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် နိုင်ငံခြားသားများ တရားမဝင် ဝင်/ထွက်သွားလာမှု မရှိစေရေးတို့ကို ယမန်နေ့ နံနက် ၈ နာရီက စစ်ဆေးခဲ့သည်။
အဆိုပါစစ်ဆေးခြင်းကို မိုင်းရယ်တပ်နယ်မှ တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးတို့ ပူးပေါင်းပါဝင်သည့် အဖွဲ့သည် ကုန်တင်ယာဉ်များ၊ ခရီးသွားယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို ရပ်တန့်၍ တရားမဝင်ကုန်စည်များ တင်ဆောင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် နိုင်ငံခြားသားများ တရားမဝင် ဝင်/ထွက်သွားလာမှု မရှိစေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment