MNP ၊ ဩဂုတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူများ အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် အသိ၊ သတိရှိစေရန် ရည်ရွယ်၍ ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ဩဂုတ်လ ၂ ရက်နေ့ နာရီ ၃၀ မိနစ်က မိုင်းရယ်မြို့ အဝင်ဂိတ်နှင့် မြို့လယ်ဘုရားရှေ့တို့တွင် ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လမ်းမပေါ်ရှိသွားလာနေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (၁၂၀၀)ကို စနစ်တကျ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment