ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်


MNP ၊  ဩဂုတ်  ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မိုးရာသီကာလ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံခြင်း၊ ရေတိုက်စားခြင်းကြောင့် မြေပြိုကျခြင်းအန္တရာယ်များနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် သတိပြုလိုက်နာရမည့် အချက်များအား သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့ဝင်များနှင့်အတူ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ပြီး အသိပညာပေးနှိုးဆော်ခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ထိုသို့ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ ဦးဆောင်မှုဖြင့် မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ မုန်းချောင်းဘေးတစ်လျှောက် နေထိုင်ကြသည့် ရပ်ကွက်နေပြည်သူများနှင့် ပွင့်ဖြူမြို့နယ် ညောင်ပင်ကျေးရွာနေ ပြည်သူများအား သွားရောက်တွေ့ဆုံကာ မိုးရာသီကာလ လတ်တလောဖြစ်ပေါ်နေသော မုန်တိုင်းဘေးအန္တရာယ်ကြောင့် ကြုံတွေ့လာနိုင်သည့် ရေကြီးရေလျှံခြင်း၊ ရေတိုက်စားမှုကြောင့် မြေပြိုကျခြင်းအန္တရာယ်များနှင့် ပတ်သက်ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ထိခိုက်မှု မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်လုပ်ဆောင်ရမည့် လုပ်ငန်းများကို (Hand Speaker)ဖြင့် အသိပေးနှိုးဆော်၍ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။    


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)