ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း များက စုပေါင်းသန့်ရှင်းရေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း များက စုပေါင်းသန့်ရှင်းရေးပြုလုပ်







MNP ၊  ဩဂုတ်  ၅

ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ မောင်တောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင်   ခရိုင် /မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ အဖွဲ့များခွဲကာ သတ်မှတ် ထား သော ဘုန်းတော်ကြီးကျောင်းများအလိုက် ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြရာ ခရိုင် စီမံ အုပ် ချုပ် ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ 


ထို့သို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ အဖွဲ့များခွဲကာ သတ်မှတ်ထားသော မောင်တော မြို့နယ်အတွင်းရှိ မြို့မဘုန်း တော် ကြီးကျောင်း ၊ မြို့ဦး ဘုန်းတော် ကြီးကျောင်း ၊ ဗဟိုလ်ကျောင်း ၊ ဇောတိကာရုံကျောင်းတိုက် ၊ ၄ မိုင် ပရဟိကျောင်း ၊ အောင်မြေဗောဓိကျောင်း ၊ ဘင်္ဂလားဒေ့ရှ်ကျောင်းတိုက် ၊ ၃ မိုင်ဘုန်းတော်ကြီးကျောင်း ၊ဝေသာလီဘုန်းတော်ကြီး စသည့် တို့၌  ဘုန်းတော်ကြီး ကျောင်းအတွင်း၊ အပြင်ရှိ မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ် များ  အား သန့် ရှင်း သာယာ လှပ စေရေး အ တွက် ခုတ်ထွင်ရှင်းလင်းပြီး ၊ ဘုရား စေတီအနီးအနားရှိ  အမှိုက်သရိုက်များကို ကောက်ယူခြင်း ၊ တံမြက် စည်းလှဲခြင်း စသည့်တို့ကို စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီး  ၊ ဗိုလ်မှူးရွာအဝင်လမ်းဘေးညာရှိ မြက်ပင် ၊ပေါင်းပင်များအား ရှင်း လင်း ခဲ့ကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်းကားဖြင့်  သိမ်းယူ ကာ သတ်မှတ် နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင် ရွက်ခဲ့ ကြောင်း သိရ သည်။  


သက်လွင်စိုး၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)