မူဆယ်မြို့တွင် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးနှင့်ပက်သက်၍ ကလေးသူငယ်များအား အသိပညာပေးသင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့တွင် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးနှင့်ပက်သက်၍ ကလေးသူငယ်များအား အသိပညာပေးသင်တန်းပို့ချ



MNP ၊  ဩဂုတ်  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးနှင့်ပက်သက်၍  ကလေးသူငယ်များအား အသိပညာပေးခြင်းကို အ.ထ.က(ခွဲ) မန့်ဝိန်းကျောင်းရှိ ကျောင်းသူ/ကျောင်းသားများအား  ယမန်နေ့ နံနက် ၉ နာရီ အချိန်က လူမှုဝန်ထမ်းဦးစီးဌာနက  သင်တန်းပို့ချခဲ့သည်။


အဆိုပါ သင်တန်းပို့ချရာတွင် မူဆယ်မြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်က တက်ရောက်လာသော ကျောင်းသူ/ကျောင်းသားများကို ကလေးသူငယ်အခွင့်အရေး (၄) ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် အကြောင်းအရာများ၊   ကလေးသူငယ်များ ရရှိနိုင်မည့် အခွင့်အရေး အကြောင်းအရာများ၊ ကလေးသူငယ်များအတွက် မြန်မာနိုင်ငံမှ CRC အကောင်အထည်ဖော် ဆောင်ရွက်မှုအကြောင်းများ၊ ကလေးသူငယ်များ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်မှုများရှိလာခဲ့လျှင် မိမိတို့ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ဖြစ်ကြောင်း၊ မသန်စွမ်းကလေးသူငယ်များလည်း သန်စွမ်းသူကလေးများနှင့် တန်းတူအခွင့်အရေးများရှိကြောင်း၊ ကလေးသူငယ်များ အသက်(၁၄)နှစ် မပြည့်မီ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းခံရခြင်းများရှိပါက ခိုင်းစေသူများခံရမည့် ငွေကြေးဒဏ်၊ ကျခံရမည့် ထောင်ဒဏ် ပုဒ်မအကြောင်းအရာများနှင့် ကလေးသူငယ်များနှင့်သက်ဆိုင်သည့် ပုဒ်မအကြောင်းများကို Projecter ဖြင့် အသေးစိတ်ရှင်းလင်းပို့ချခဲ့ပြီး မေးခွန်းများအား ကျောင်းသူ/ကျောင်းသားများကို ပြန်လည်မေးမြန်းခဲ့ရာ ဖြေဆိုနိုင်သူ ကျောင်းသူ/ ကျောင်းသားများကို ဘောပင်လက်ဆောင် ဆုချီးမြှင့်ခဲ့သည်။ထို့ပြင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်က သက်ကြီးရွယ်အိုများ ဥပဒေ၊ နည်းဥပဒေ အသိပညာပေး ဟောပြောခဲ့ရာ သက်ကြီးရွယ်အိုများ ခံစားရရှိနိုင်သည့် အခွင့်အရေးများ၊ မြန်မာနိုင်ငံသက်ကြီး ရွယ်အိုများဆိုင်ရာ ကော်မတီ တာဝန်ဝတ္တရားများ၊ သက်ကြီးရွယ်အိုများအတွက် ပြဌာန်းထားသော ဥပဒေအကြောင်းအရာများ၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများ အခြေခံစားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးအသင်းအဖွဲ့များနှင့် အစည်းအရုံးများတွင် ပါဝင်ဆောင်ရွက်ခွင့် အကြောင်းအရာများနှင့် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုသော သက်ကြီးရွယ်အိုဆိုင်ရာ အခြား အခွင့်အရေးများ ရရှိခွင့်များကို Projecter ဖြင့်  ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြသဟောပြော ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက် ပေးခြင်းနှင့် အားပြည့်အချိုရည်ဘူးများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။


ယင်းသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အ.ထ.က(ခွဲ) မန့်ဝိန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ (ထက်၊ မူ၊ လယ်)ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)