MNP ၊ ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁/ ၂၀၂၃)ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ကွန်ပျူတာ(၅)လုံး၊ ဆက်စပ်ပစ္စည်းများဖြင့် ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ဌာနပေါင်းစုံမှတက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများအနေဖြင့် သင်ကြားပေးသည့် ပညာရပ်တွေကို စိတ်ဝင်စားစွာ လေ့လာမှတ်သားပြီး ဆက်လက်လေ့လာသင်ယူဖို့လိုအပ်ကြောင်း၊ သင်တန်းမှသင်ကြားပေးသော ပညာရပ်များကို မိမိတို့အတွက် ပြန်လည်အသုံးချနိုင်အောင် လေ့လာသင်ယူသွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြ ဆရာဦးကျော်သီဟက သင်ကြားပို့ချပေးသွားမည့် ပညာရပ်များကို မိတ်ဆက်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို (၂)လကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ(၁၀)ဦး တက်ရောက်ကြကာ နေ့စဉ် နံနက် ၁၁ နာရီမှ ၁၃ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ အခမဲ့သင်ကြားပေးခြင်းဖြစ်ပြီး ယင်းသင်တန်းများအား စဥ်ဆက်မပြတ် ဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း
https://t.me/MyanmarNationalPost
No comments:
Post a Comment