မြစ်ကြီးနားမြို့၌ လူငယ်နှင့်အားကစားကဏ္ဍကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်ကြီးနားမြို့၌ လူငယ်နှင့်အားကစားကဏ္ဍကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ




MNP ၊  ဩဂုတ်  ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်နှင့် အားကစားကဏ္ဍကျပန် စကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီကကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း/ အလယ်တန်းအဆင့် ကျောင်းသား/ သူ (၄၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


ပန်းချီပြိုင်ပွဲကို (Community Centre) ကလေးစာဖတ်ခန်း၌ "လူငယ်လူရွယ် ကြံ့ခိုင်ဖို့ အားကစားမှာ ပါဝင်စို့" ခေါင်းစဉ်ဖြင့်ကျင်းပရာ ကျောင်းသား/ကျောင်းသူ (၂၅) ဦး၊ ကျပန်းစကားပြောပြိုင်ပွဲကို ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ကျောင်းသား/သူ (၁၆) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


ထို့နောက် ဆုရွေးချယ်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ပြိုင်ပွဲများကျင်းပပေးရသည့် ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားကာ ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)က အမှတ်ပေး စည်းမျဉ်းစည်းကမ်းများ အား ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် စာစီစာကုံး၊ ပန်းချီနှင့် ကျပန်းစကား‌ပြောပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများကကြေညာပေးခဲ့ကြောင်းနှင့် ဆုရရှိသူများအား စက်တင်ဘာလ (၄) ရက်နေ့ တွင် ဆုချီးမြှင့်‌ပေးအပ်ပွဲ အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)