ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်း(၂)စီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာနေပြည်သူ့များထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်း(၂)စီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာနေပြည်သူ့များထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး



MNP ၊  ဩဂုတ်  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ " ဆောင်ပုဒ်နဲ့အညီပန်းခင်း(၂)စီမံချက်ဖြင့် ဝန်ထမ်းများအဖွဲ့များခွဲကာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများဖြစ်သော စစ်ပင်တောင်ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ မလစ်အရှေ့ကျေးရွာအုပ်စု ကျူးချောင်းကျေးရွာနှင့်ကြာနီကန်ကျေးရွာ၊ အမှတ်(၁၂၅)ရပ်ကွက်နေ ပြည်သူ့များထံ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်း(၉)နာရီမှ စတင်ကာမြေပြင်ကွင်းဆင်း ဆောင်ရွက်ကြောင်း သိရသည်။


အဆိုပါပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဝင်းထွန်း၏ ကြီးကြပ်မှုဖြင့်အဖွဲ့(၁)မှ လဝကမှူးဒေါ်စိုးစိုးအေးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် စစ်ပင်တောင်ရပ်ကွက်၊ အဖွဲ့(၂)လဝကမှူးဦးယဥ်မြင့်ဦးဆောင်သော ဝန်ထမ်းများမှအမှတ်(၃)ရပ်ကွက်၊ အဖွဲ့(၃)မှလဝကမှူး ဒေါ်ဆန်းနုဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မလစ်အရှေ့ကျေးရွာအုပ်စုရှိ ကျူချောင်းကျေးရွာနှင့် ကြာနီကန်ကျေးရွာ၊ အဖွဲ့(၄)ဒုလဝကမှူး ဒေါ်သဇင်ဦးဆောင်သော ဝန်ထမ်းအဖွဲ့မှ အမှတ်(၁၂၅)ရပ်ကွက်နေ ပြည်သူ့များထံသို့လည်းကောင်း အသီးသီးအဖွဲ့(၄)ဖွဲ့ခွဲ၍ သွားရောက်ကာ အသက် (၁-၂-၂၀၂၄)တွင် အသက်၁၈နှစ်ပြည့်လာမည်သူများ၊ အသက်(၁၆)နှစ်(၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်အထက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရှိသူပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများမှအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်မိ၊ရပ်ဖများကလည်း လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဝင်းအိမွန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)