MNP ၊ ဩဂုတ် ၂၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးက ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကိုလက်လှမ်းမီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများ လက်ဝယ်အရောက်သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ပြည်တော်သာဝန်ထမ်းအိမ်ရာ၊ ခရိုင်ပညာရေးမှူးရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအား သုတ၊ ရသစာအုပ်များကို (၁) ကြိမ်လျှင် (၂) ပတ်ကြာ အထိ အခမဲ့ငှားရမ်းပေးပြီး၊ အသင်းဝင်ရောက်လိုသူများကိုလည်း အသင်းဝင်ကတ်ပြားများ ရရှိရေးအတွက် ဆောင်ရွက်ပေးကာ၊ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ အလှည့်ကျစနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment