MNP ၊ ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၁၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရှိရသည်။
ဟောပြောပွဲ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနုက အဖွင့်အမှာစကား ပြောကြားပြီးနောက် ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် Video Clip ကို ဖွင့်လှစ်ပြသပေးခဲ့သည်။ ဆက်လက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြပြီးနောက် မြို့နယ်ပညာရေးမှူးနှင့်အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ပြသထားသော ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ကျော်စွာ
https://t.me/MyanmarNationalPost
No comments:
Post a Comment