MNP ၊ သြဂုတ် ၂၇
မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် တီမောလက်စ်တေနိုင်ငံ သံရုံးတာဝန်ခံနှင့် အဖွဲဝင်တွေအားလုံးကို မြန်မာနိုင်ငံမှ စက်တင်ဘာ (၁)ရက်နေ့ နောက်ဆုံးထား အပြီးထွက်ခွာပေးရန် အကြောင်းကြားစာ မကြာခင်ထွက်လာလိမ့်မယ်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ရန်ကုန်တိုင်းမ် သတင်းဌာနသို့ ပြောဆိုလိုက်ကြောင်း သိရသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း က“ တီမောလက်စ်တေနိုင်ငံ သံရုံးတာဝန်ခံနှင့် အဖွဲ့တွေကို မြန်မာနိုင်ငံမှ စက်တင်ဘာ(၁)ရက်နေ့နောက်ဆုံးထားပြီး မြန်မာနိုင်ငံကနေ အပြီးထွက်ခွာဖို့ အကြောင်းကြားပါမယ်။ အဲဒီအကြောင်းကြားစာလည်း မကြာခင်ထွက်ပါမယ်” ဟု ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဓိကအကြောင်းရင်းကတော့ တီမောအနေနှင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက် နှောက်ယှက်နေကြောင်း၊ အချုပ်အခြာအာဏာကို ထိပါးစော်ကားတဲ့ပုံစံမျိုးရှိနေကြောင်း၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ့် ကိစ္စတွေကို အမြဲတမ်းအားပေးဆောင်ရွက်တာတွေကြောင့်ဖြစ်ကြောင်း၊ နောက်တစ်ခုကတော့ တီမောက မြန်မာနိုင်ငံရေးကို အာဆီယံက မဖြေရှင်းနိုင်ရင် အာဆီယံထဲဝင်ဖိုစဉ်းစားမယ်လိုပြောဆိုကြောင်း၊ ဒီပြောကြားချက်က ပြောင်းပြန်ပြောကြားချက်ပဲဖြစ်ကြောင်း၊ အာဆီယံထဲ သူဝင်ဖို့ဆိုတာ အာဆီယံ (၁၀)နိုင်ငံလုံး အာဆီယံရဲ့ ပဋိဉာဉ်တစ်ခုလုံးက စုံညီသဘောတူမှုရှိရမှာဖြစ်ကြောင်း၊ (၁၀)နိုင်ငံလုံးသဘောတူမှရတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံကိုယ်စားပြု မပါဝင်တဲ့ အာဆီယံအစည်းအဝေးက သူ့ကိုအဖွဲဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုလို့ကိုမရကြောင်း၊ ဒါကို အကြောင်းရှာပြီး လုပ် ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်ကို ရန်ကုန်တိုင်းမ်း သတင်းဌာန က ဖော်ပြထားခြင်း ဖြစ်သည်။
တီမောလက်စ်တေနိုင်ငံသည် NUG အကြမ်းဖက်အဖွဲ့ဝင်များနှင့် ဆက်ဆံဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည့် မှတ်တမ်းများလည်း ရှိသည်။
#MyanmarNationalPost
No comments:
Post a Comment