ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း နှင့် အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း နှင့် အသိပညာပေးဟောပြော




MNP ၊  ဩဂုတ်  ၂၁

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့သူကြီးကျေး လက် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက  ယနေ့ နံနက်ပိုင်းက ကျောင်းကျန်းမာရေးစစ်ဆေးခြင်း နှင့် အသိပညာပေး ဟော ပြောခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုအနေဖြင့် မြို့သူကြီးကျေးလက် ကျန်းမာရေး ဌာနမှ ကျန်းမာရေးမှူး ဒေါ်မြတ်သင်းခိုင် က တစ်ကိုယ်ရေ သန့်ရှင်းရေး‌မှုဆိုင်ရာများ၊ သွေး လွန် တုပ်ကွေးရောဂါ အကြောင်း သိကောင်းစရာများ နှင့် ဖုံးအုပ် မထာသည့် အစား အစာ များ ၊ မသန့်ရှင်းသော အစား အစာ များကို  စားသုံးခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ဖွားနိုင်သည့် အကြောင်း အ ရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် မြို့သူကြီးကျေး လက် ကျန်းမာရေး ဌာနမှ ကျန်းမာ ရေးမှူး ဒေါ်မြတ်သင်းခိုင် နှင့် ကျန်းမာရေးဝန်ထမ်းများက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ  ကျောင်းသား၊ ကျောင်းသူများအား  သန်ချဆေးတိုက်ကျွေးခြင်း ၊ ကိုယ်အလေးချိန် တိုင်းတာခြင်း ၊ အရပ်တိုင်းတာခြင်းများ ပြုလုပ်ပြီး kg ကျောင်းသား ၊ကျောင်းသူများအား  အာဟာရဖွံ့ဖြိုးမှု အခြေအနေ များကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)