MNP ၊ ဩဂုတ် ၂၉
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ပြင်ဦးလွင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက မော်တော်ယာဉ်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်တွင် သက်သာသောနှုန်းထားများဖြင့် ဒေသခံပြည်သူများ လက်ဝယ်အရောက် စားသုံးဆီများရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ပြင်ဦးလွင်မြို့ လူစည်ကားရာနေရာဖြစ်သည့် ရပ်ကွက်ကြီး (၅)၊ ပြင်ဦးလွင် မြို့မဈေးအနီး၊ ကုန်သည်လမ်းနှင့် မြစန္ဒာလမ်းဆုံတွင် ဒေသခံပြည်သူများထံသို့ စားသုံးဆီ တစ်ပိသာလျှင် (၄၆၅၀/-) ကျပ်နှုန်းဖြင့် လာရောက်ဝယ်ယူသူ တစ်ဦးလျှင် စားသုံးဆီ(၅၀)ကျပ်သားနှုန်းဖြင့် စုစုပေါင်း စားသုံးဆီပိဿာပေါင်း (၃၃၀)ပိဿာ အားရောင်းချ ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စားအုန်းဆီရောင်းချသည့်နေရာ၌ တန်းစီစနစ်ဖြင့် စနစ်တကျရောင်းချနိုင်ရေးအတွက် ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ပြင်ဦးလွင်မြို့နယ်တာဝန်ခံ ဦးအောင်မင်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြင်ဦးလွင်မြို့မဈေးတာဝန်ခံ ဦးတင်ကိုကိုနှင့် တာဝန်ရှိသူ ဝန်ထမ်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူလူသစ်
https://t.me/MyanmarNationalPost
No comments:
Post a Comment