ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်သင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်သင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး




MNP ၊  ဩဂုတ်  ၂၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ ဆရာမများအတွက် အရည်အသွေးမြှင့်သင်တန်း (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက အဆိုပါ ကောလိပ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။


ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားကို တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမများက ရှမ်းတိုင်းရင်းသားတေးသီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိခင်ဘာသာစကားနှင့် စာပေတတ်မြောက်ခြင်းသည် အခြားဘာသာစကား ဖြင့် စာပေလေ့လာမှုတွင် များစွာ အထောက်အကူဖြစ်စေသည့်အတွက် တိုင်းရင်းသားဘာသာစကားနှင့် စာပေသင်ကြားခြင်းသည် အင်မတန်မှ တန်ဖိုးကြီးပါကြောင်း၊ ယနေ့ သင်တန်းသား/ သင်တန်းသူများအနေဖြင့် ခံယူချက်၊ ယုံကြည်ချက်အပြည့်ဖြင့် ပညာရပ်များကို စနစ်တကျ လေ့လာသင်ယူကြရန် လိုကြောင်း၊ ကလေးငယ်များကို မိမိတို့၏ ဘာသာစကားကို ချစ်ခင်မြတ်နိုးသူများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်နှင့် တခြားသူများ၏ ဘာသာစကားကို လေးစားတတ်သူများဖြစ်အောင် လေ့ကျင့်ပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ဒေါ်ဥမ္မာမြင့်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် သင်တန်းတွင် လိုက်နာကြရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းသား/ သင်တန်းသူများက ကဗျာဘွဲ့အကဖြင့် ကပြ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ သင်တန်းသို့ (၂)ပတ်ကြာ တက်ရောက်သင်ကြားကြမည့် ဆရာ/ ဆရာမ (၁၀၁)ဦးတို့အား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)