ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်






ဖတ်ရှုရန် -  MNP ၊  ဩဂုတ်  ၁၂

ရခိုင်ပြည်နယ် ၊မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး ခရိုင်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ နှင့် အတူ  သြဂုတ် ၁၁ ရက်နေ့က ဘူးသီးတောင်မြို့ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ ဘူးသီးတောင်မြို့ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြှင့်မားရေး ကြီး ကြပ်မှု ကော်မတီ ဝင်များ၏ လုပ်ငန်းညှိနှိုင်းအဝေးကို ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေဦးက တက်ရောက် အမှာ စကားပြောကြားရာတွင် ဌာနဆိုင်ရာ တာ၀န်ရှိသူများအနေဖြင့် မိမိတို့၏ ဌာနလုပ်ငန်းတာ၀န်များ နှင့် ညွန်ကြားချက် များ အား အလေးထားဆောင်ရွက်စေလိုကြောင်း၊ သဘာ၀‌ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များ‌ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် လုပ်ငန်း တာ၀န်များအား စနစ်တကျအကောင်အထည်ဖော်‌ဆောင်ရွက်စေရေး၊  သဘာ၀ဘေးကျရောက်ခဲ့သော ကျေးရွာ များတွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော ပစ္စည်းများအား ပြည်သူများ၏ လက်၀ယ်အရောက် စနစ်တကျ ထောက်ပံ့ပေးစေလိုကြောင်း၊ ထောက်ပံ့ပေးအပ်ရာတွင်လည်း စာရင်းဇယားများအား မှတ်တမ်းထားရှိစေလိုကြောင်း ၊ တောင်သူများအား နိုင်ငံတော်မှ မိုးစပါးများထောက်ပံ့ပေးအပ်ရာတွင်လည်း စိုက်ပျိုးသည့် မိုးစပါးများကို စနစ်တကျ စိုက်ပျိူးပြီး အထွက်တိုးအောင် တာ၀န်ရှိသူများက အနီးကြပ်ဆောင်ရွက်သွားကြရန် နှင့် စီမံကိန်းလုပ်ငန်းများအား  သတ်မှတ်အရည်အ‌သွေးများနှင့် ပြည့်မှီအောင် ဆောင်ရွက်ကြစေလိုကြောင်းစသည့်တို့ကို ပြောကြားခဲ့သည်။


ထို့နောက် ဘူးသီးတောင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦး‌ဇော်၀င်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်ထားရှိကာ သက်ဆိုင်ရာ ကော်မတီ များအလိုက် လုပ်ငန်းတာဝန်များကိုလည်း ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိမှု ၊  သဘာဝဘေး အန္တရာယ် များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာန ကော်မတီ ဝင်များအလိုက် လုပ်ငန်းတာဝန်များအား စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိသည့် အခြေ အနေ များ ၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ကဏ္ဍများအလိုက် ဆောင်ရွက်‌နေမှုများ နှင့် ဘေးအန္တရာယ်ကျရောက်သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုများ၊မိုးစပါးများစိုက်ပျိုးထားရှိမှု နှင့် စိုက်ပျိုးပြီးစီးမှု အခြေ အနေများ စသည့်တို့ကို ဆွေးနွေးတင်ပြခဲ့ပြီး သက်ဆိုင်ရာ ကော် မတီ များနှင့် ဌာနများအလိုက်  တာဝန်ရှိသူများက လုပ်ငန်း များ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများ နှင့် ဆက်လက်ဆောက်ရွက်မည့် အစီအစဉ် များအားတင်ပြ ခဲ့ကြရာ  လိုအပ်သည်များအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ သည်။ ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး ၊ ခရိုင်/မြို့နယ် အဆင့်  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘူးသီးတောင်မြို့နယ် ပန်းခင်းပန်းခြံဆောင်ရွက်မည့် နေရာ နှင့် နာရီစင်ပြင်ဆင်မှုအခြေအနေများအား ကြည့်ရှု စစ်ဆေး ပြီး သက်ဆိုင်တာ၀န်ရှိသူများက ပြုပြင်ဆောင်ရွက်မည့် အခြေအနေများ နှင့် ပတ်သတ်၍လိုက်လံ ရှင်းလင်းပြသခဲ့ကြရာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး သည် ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီး ကြပ် မှုကော်မတီ၀င်များ နှင့် အတူ ကွန်တိုင် ၊ ဒပြုချောင်း ၊ နန်းရာကုန်း ကျေးရွာများရှိ မိုးစပါးပျိုးထောင်ထားရှိမှု နှင့်  စိုက်ပျိုးနေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက  မိုး စပါးများ ပျိုးထောင်ထားရှိမှု အခြေအနေများကို လိုက်လံ ရှင်းလင်းပြသခဲ့ကြကာ  တောင်သူများ အနေဖြင့် စိုက်ပျိုးသည့် မိုးစပါးများအားအောင်မြင်ဖြစ်ထွန်းပြီး အထွက်တိုးအောင် ဆောင်ရွက်ကြစေရန်လိုကြောင်း လမ်းညွှန် မှာ ကြားခဲ့သည်။ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး၊  ခရိုင်တည်ဆောက် ရေး လုပ်ငန်းများ စိစစ်ရေး ကော်မ တီဝင်များ နှင့် အတူ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊ မြို့နယ် ဘဏ်ခွဲ ရုံးအဆောက်အဦအသစ် တည်ဆောက်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်၊ စံညွန်း အရည်အသွေးများဖြင့် ကိုက် ညီမှုရှိ ၊ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး သည် ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီး ကြပ် မှုကော်မတီ၀င်များ နှင့် အတူ ကွန်တိုင်ကျေးရွာရှိ ကြက်အသားတိုး မွေးမြူ‌ရေးခြံ  အား သွား ရောက် ကြည့်ရှုအားပေးပြီး  ခြံပိုင်ရှင်များနှင့် တာဝန်ရှိသူများက မွေးမြူထားရှိမှု အခြေအနေများ နှင့်ပတ်သတ်၍ လိုက်လံ ရှင်းလင်း ပြသခဲ့ကာ လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက်စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဘူးသီးတောင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ  တစ်ပိုင်တစ်နိုင် ရေချိုငါးသား ဖောက်စခန်း သွားရောက် ကြည့်ရှု အား ပေး ပြီး ရေချို ငါးသားဖောက်စခန်းအတွင်းရှိ ငါးသား ပေါက် များ မွေးမြူ ထားရှိမှု နှင့် မွေးမြူထားရှိပုံအဆင့်ဆင့်အား တာ ဝန်ရှိ သူ များက လိုက်လံရှင်းလင်းပြသခဲ့ကြကာ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)