MNP ၊ ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့နံနက်(၇)နာရီခွဲ အချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို အမှတ်(၄)ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အမှတ်(၄) ရပ်ကွက်ရှိ အထက-၂ နှင့်မအူပင်-ကျိုက်လတ်-ဖျာပုံ ကားလမ်းမတစ်လျှောက်ရှိ မြက်များ၊ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ရိတ်စက်ဖြင့်ရိတ်ခြင်း၊ ပလတ်စတစ်အိတ်များ ကောက်ခြင်း၊ ရှင်းလင်းပြီး အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် အမှိုက်သိမ်းကားဖြင့် သိမ်းဆည်းသယ်ဆောင်ပြီး စွန့်ပစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းကို ဘုရားပုထိုးစေတီများ၊ စာသင်ကျောင်းများနှင့် ဖျာပုံ-ကျိုက်လတ်-မအူပင် ကားလမ်းမကြီးတစ်လျှောက်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း၍ စနေနေ့တိုင်း အပတ်စဉ် ဆောင်ရွက်လျက်ရှိပြီး အိမ်များ၊ လမ်းများ၊ ရပ်ကွက်များတွင်လည်း သန့်ရှင်းရေးဆောင်ရွက်ရန် နှိုးဆော်ပေးလျက်ရှိပြီး မြို့နယ်သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် အမှိုက်ကင်းစင်ရေးတို့အတွက် ရည်မှန်းချက်ထားရှိ၍ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရီရီမြင့်
https://t.me/MyanmarNationalPost





No comments:
Post a Comment