MNP ၊ ဩဂုတ် ၁၈
ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဘက်စုံသုံးဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းကို ဩဂုတ် ၁၈ရက် နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းမော်က ယခုသင်တန်းသည် အမျိုးသမီးများ အိမ်တွင်းလက်မှုလုပ်ငန်း အနေဖြင့် ဆောင်ရွက်နိုင်စေရေး၊တစ်ပိုင်တစ်နိုင်မိသားစု ဝင်ငွေရရှိစေရေးရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့မှ သင်တန်းနည်းပြ ဒေါ်ချောစုဝေမှ ဘက်စုံသုံးဆပ်ပြာရည်ပြုလုပ်ပုံအဆင့်ဆင့်ကိုလက်တွေ့သင်ကြားပြသပေးခဲ့သည်။
အဆိုပါသင်တန်းတွင်အမျိုးသမီးရေးရာအဖွဲ့၊မိခင်ကလေးစောင့်ရှောက်ရေးအသင်း၊အမျိုးများအသင်း(Woman Club)တို့မှသင်တန်းသူ(၁၅)ဦးတက်ရောက်ကြပြီးသင်တန်းကာလမှာတစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment