ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်


MNP ၊  ဩဂုတ်  ၁၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Commumity Centre)ခန်းမတွင် ယနေ့ နေ့လည်(၁)နာရီအချိန်က “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ” စာအုပ် အခန်း(၄)မှ “ရာထူးတိုးမြှင့်ခြင်း”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ရာထူးတိုးမြှင့်ခန့်ထားရာတွင် ရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်၊ လုပ်သက်တို့နှင့်ပြည့်စုံ၍ တိုးမြှင့်ခန့်ထားမည့် ရာထူးတာဝန်ကို နိုင်နင်းစွာထမ်းဆောင်နိုင်မည့်ဝန်ထမ်းများကို အရည်အချင်းစစ်ဆေးအကဲဖြတ် ရွေးချယ်ပြီး ရာထူးတိုးမြှင့်ပေးရကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် ရုပ်သံ ကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက အရည်အချင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ) ဦးဇော်လင်းက အရည်အချင်းစစ်ဆေးခြင်းနှင့်ပတ်သက်သည့်အကြောင်းအရာများအားလည်းကောင်း အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။


အဆိုပါ “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ” စာအုပ်နှင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းအားဖြင့် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြဌာန်းထားသည့်နည်းဥပဒေများကို ပိုမိုသိရှိနိုင်မည် ဖြစ်ပါသည်။


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)