ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ဆင်းသုခ စပါးပျိုးသက်နု စိုက်ပျိုးနေမှု ၊ ပျိုးထောင်ထားရှိမှု နှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ဆင်းသုခ စပါးပျိုးသက်နု စိုက်ပျိုးနေမှု ၊ ပျိုးထောင်ထားရှိမှု နှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး






MNP ၊  ဩဂုတ်  ၈

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ၄ မိုင်ရပ်ကွက်အတွင်းရှိ စိုက်ဧကများအတွင်း ဆင်းသုခ စပါးပျိုးသက်နု စိုက်ပျိုးနေမှု ၊ ပျိုးထောင်ထားရှိမှု နှင့် မြေပြုပြင် ထွန်ယက်နေမှုများအား ယနေ့ ညနေပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး  သည် ခရိုင်အဆင့် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက် မြှင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ နှင့်အတူ  ၄ မိုင်ရပ်ကွက် ၊ကွင်းအမှတ် (၁၁၁) အခေါင်းပေါက် မြောက် ကွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေဧက ၄.၂၀ ဧက တွင် ဆင်းသုခစပါးပျိုးသက်နု စိုက်ပျိုးနေမှု ၊ ပျိုးထောင် ထားရှိမှု နှင့် မြေပြုပြင် ထွန်ယက်နေမှုများအားသွားရောက်ကြည့်ရှုအားပေးပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက  ဆင်းသုခစပါး ပျိုးသက်နု ပျိုးထောင်ထားရှိမှု နှင့် မြေပြုပြင်ထွန်ယက်နေမှု အခြေအနေ များကို လိုက်လံ ရှင်းလင်း ပြသခဲ့ကြကာ  လိုအပ်သည်များအား လမ်းညွှန်မှာ ကြားခဲ့ ကြောင်း သိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)