ရွှေတောင်မြို့နယ်တွင် ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျှဥ်း၍ အသိပညာပေးရှင်းလင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျှဥ်း၍ အသိပညာပေးရှင်းလင်းပွဲကျင်းပ





MNP ၊  ဩဂုတ်  ၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်တွင်းအခွန်ဦးစီးဌာနတို့ပူးပေါင်း၍ယနေ့နံနက်ပိုင်းက ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျှဥ်း၍အသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်တွင်းအခွန်များဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ပြာခင်က လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်အား ချပြရှင်းလင်းခဲ့ရာ တက်ရောက်လာသော ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းရှင်များသိရှိလိုသည်များကိုပြန်လည်မေးမြန်းရာပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်ဦးစီးမှူး ကပြန်လည်လည်ဖြေကြားပေးခဲ့သည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များ၊ရွှေနှင့်လက်ဝတ်ရတနာ ရောင်းချသည့်လုပ်ငန်းရှင်များ၊ ရုပ်သံနှင့်မီဒီယာဝန်ဆောင်မှုပေးသည့်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)