MNP ၊ ဩဂုတ် ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ(၁၂)၊ (၁၂)နှစ်နှင့်အထက် ကျောင်းသား /သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီအချိန်မှစတင်၍ အ.ထ.က ကျိန္တလီကျောင်းတွင် ထိုးနှံပေးခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးရန်ရောက်ရှိလာသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်တာပေးခြင်းနှင့် ပညာသင်ကြားနေသောအတန်းအလိုက် စနစ်တကျ စာရင်းရေးသွင်း၍ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Sinopharm ကိုထိုးနှံပေးခဲ့ပြီး မိနစ် (၃၀) ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိရာ ၈-၈-၂၀၂၃ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၃)ဦး ထိုးနှံပြီးစီးခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးထံမှသိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost






No comments:
Post a Comment