MNP ၊ သြဂုတ် ၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း၌ ဩဂုတ် ၃ ရက် ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျောင်းသား/သူများကို အချိန်ခွဲ၍ ကျန်ရှိကျောင်းဆောင်များတွင် ဆက်လက်သင်ကြားပေးသွာမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန က ဖြေကြားထားသည်။
အဆိုပါကျောင်းတွင် ကျောင်းသား/သူများ သင်ကြားသင်ယူမှု အဆက်မပြတ်စေရန်အတွက် ၇-၈-၂၀၂၃ ရက်နေ့မှစတင်၍ -
အထက်တန်းအဆင့် Gread 10, 11, 12 အတန်းများအား နံနက် ၉ ၃၀ မှ ညနေ ၃ ၃၀ အထိလည်းကောင်း၊
မူလတန်းအထက်အဆင့် Gread 4, 5 နှင့် Gread 6,7,8,9 များအား နံနက် ၇ နာရီ မှ ၁၂ နာရီအထိလည်းကောင်း၊
မူလတန်းအောက်အဆင့် KG နှင့် Gread 1,2,3 အတန်းများအား နေ့လယ် ၁၂ ၃၀ မှ ညနေ ၄ ၃၀ အထိ ကျန်ရှိစာသင်ကျောင်းဆောင်များတွင် ကျောင်းဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ဖြေကြားထားသည်။
မော်လမြိုင်မြို့၊ အထက(၉) မီးလောင်ကျွမ်းမှုကြောင့် ကျောင်းအုပ်ကြီးရုံးခန်း၊ စာရေးအခန်းနှင့် စာသင်ခန်း ၉ ခန်းပါ နှစ်ထပ်ဆောင် အဆောက်အဦ ၁ လုံး၊ စာသင်ခန်း ၇ ခန်းပါ သုံးထပ်ဆောင် အဆောက်အဦ ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ရသည်။
#MyanmarNationalPost

No comments:
Post a Comment