ရှမ်းပြည်နယ်မြောက်ပိုင်း ကြာစီရှူး-မက်မုံဆူး ဒေသတွင် MNDAA အကြမ်းဖက်အဖွဲ့၏ လက်နက်ခဲယမ်း အမြောက်အများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်မြောက်ပိုင်း ကြာစီရှူး-မက်မုံဆူး ဒေသတွင် MNDAA အကြမ်းဖက်အဖွဲ့၏ လက်နက်ခဲယမ်း အမြောက်အများ ဖမ်းဆီးရမိ






MNP ၊ သြဂုတ် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း ကြာစီရှူး-မက်မုံဆူး ဒေသတွင် MNDAA အကြမ်းဖက် အဖွဲ့ဝင်များ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် ရောက်ရှိနေကြောင်း ၎င်းတို့အဖွဲ့အတွင်းရှိ SPY များမှ သတင်းပေးပို့လာသည့် အတွက် ၁-၈-၂၀၂၃ ရက်နေ့က တပ်မတော်စစ်ကြောင်းများမှ သွားရောက်ချေမှုန်းခဲ့ရာ MNDAA အကြမ်းဖက် အဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့ပြီး ၎င်းနေရာအား နယ်မြေရှင်းလင်းခဲ့ရာ MNDAA အကြမ်းဖက်အဖွဲ့များဝှက်ထားခဲ့သည့် လက်နက်အမြောက်အများ သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ MNDAA အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှုဖြစ်စဉ်တွင် RPG ၃ လက်၊ တရုတ်စက်လက်  ၄ လက်၊ M-22  ၈ လက်၊ M-22 ကျည်အိမ်   ၉ ခု၊ တရုတ်လက်ပစ်ဗုံး ၇၆၅လုံး၊ အီနာဂါဗုံးသီး  ၃၁၂ လုံး၊ M-22ကျည်  ၄၀ ၅၂၅ တောင့်၊ တရုတ်စက်လက် ကျည်အိမ် ၄ခု သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

နယ်မြေရှင်းလင်းဆောင်ရွက်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)