MNP ၊ ဩဂုတ် ၁၆
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ် ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
MV Charity ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာလိုင်စင်ရ ကန်ထရိုက်တာ အများနှင့်သက်ဆိုင်သော ကုမ္ပဏီတို့မှ ပေးပို့သော Lip Channel ၁၀၅ တန်၊ ဒေါင့်သံချောင်း ၆၅၉ တန်၊ စတီးပြားအထူတန် ၂၀၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ ကိုးတန်၊ ဆန် ၂၄ ပြည် ၃၃၄၀၇ အိတ်၊ ဆန် ၆ ပြည်အိတ် ၅၀၀၀၊ ပဲအိတ် ၅၀၀၀၊ ခေါက်ဆွဲခြောက်ဖာ ၅၀၀၀၊ ဆီ ၁ လီတာဘူး ၁၀၀၀၀၊ အဝတ်အထည် ၂၅ ဖာ စုစုပေါင်း ၂၇၀၈ ဒသမ ၀၁ တန်တင်ဆောင်၍ စစ်တွေမြို့သို့ ၁၄-၈-၂၀၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ ထွက်ခွာသွားကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment