MNP ၊ ဩဂုတ် ၁၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာများအပေါ်အခွန်အမှတ်တံဆိပ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်က အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ချိုက အခွန်ပေးဆောင်ရခြင်း၏ ရည်ရွယ်ချက်၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ကျင့်သုံးနေသောဥပဒေများ၊ ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ စားသောက်ဆိုင်၊ ဟိုတယ်/တည်းခိုခန်း၊ ရုပ်သံလွှင့်မီဒီယာ၊ ရွှေထည်လက်ဝတ်ရတနာ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများရောင်းချခြင်းစသည့် လုပ်ငန်းရှင်များအား ပြေစာထုတ်ပေးခြင်းနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်မှုအား ဒဏ်ငွေတပ်ရိုက်ခြင်း၊ ပျက်ကွက်မှုအား တိုင်ကြားခြင်းတို့နှင့် စပ်လျဉ်းသည်တို့ကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် အခွန်ထမ်းလုပ်ငန်းရှင်တို့က သိလိုသည်တို့ကိုမေးမြန်းကြပြီး တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် သထုံမြို့နယ်အတွင်းရှိ ဟိုတယ်/တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင်စသည်တို့မှ အခွန်ထမ်းလုပ်ငန်းရှင်များ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment