MNP ၊ ဩဂုတ် ၂၄
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းကြောင်းပျက်စီးသွားသောစည်ကားတောင် တောင်ပေါ်ရှိမြစိန်ရောင်စေတီတော်မြတ်အားထီးတော်တင်လှူပွဲကိုယနေ့ နံနက်၉နာရီကကျင်းပခဲ့သည်။
ထီးတော်တင်လှူပွဲတွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်ဦးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်များနှင့်ဧည့်သည်တော်များက သံဃာတော်အရှင်သူမြတ်တို့ထံမှ နမောတဿ သုံးကြိမ်ရွတ်ဆို ၍အခန်းအနားဖွင့်လှစ်ခြင်း၊ ငါးပါးသီလခံယူခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်မြတ်အား ရွတ်ဖတ်ပူဇော်ပြီးနောက်မြစိန်ရောင်စေတီတော်အားမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများကထီးတော်၊ငှက်မြတ်နားတော်များကိုတင်လှူပူဇော်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment