စလင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့်၊ နိုင်ငံတစ်ကာစာတတ်မြောက်ရေးနေ့ အကြိုစာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့်၊ နိုင်ငံတစ်ကာစာတတ်မြောက်ရေးနေ့ အကြိုစာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

 




MNP ၊  ဩဂုတ်  ၂၈

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၁)အခြေခံပညာ   အထက်တန်းကျောင်းတွင် မြို့နယ်အဆင့်  နိုင်ငံတစ်ကာစာတတ်မြောက်ရေးနေ့အကြို  စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ပန်းချီဆောင်းပါးပြိုင်ပွဲများကို  ယနေ့နံနက်(၉)နာရီအချိန်က အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်များခွဲ၍  ပြိုင်ပွဲကို ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။


စလင်းမြို့နယ်အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ၊ ၂၀၂၃ ခုနှစ်နိုင်ငံတစ်ကာ  စာတတ်မြောက်ရေးနေ့ကို ကြိုဆိုသောအားဖြင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲများ မြို့နယ်အဆင့် ကျင်းပပြုလုပ်လျက်ရှိရာ၊ အဆိုပါပြိုင်ပွဲသို့ စလင်းမြို့နယ် ဒုပညာရေးမှူး ဦးရာဇာထက်နှင့် ပြိုင်ပွဲဝင်အခြေခံပညာကျောင်း အသီးသီးမှကျောင်းအုပ်၊ ဆရာ၊ ဆရာမများလိုက်ပါ၍ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်၊ နိုင်ငံတစ်ကာ  စာတတ်မြောက်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပြိုင်ပွဲအသီးသီးတို့တွင်(ဗလငါးတန်ပြည့်စုံဖို့  စာတတ်မြောက်အောင်သင်ယူစို့)ခေါင်းစဥ်ဖြင့် အထက်တန်းအဆင့် (၃၉)ဦး၊ အလယ်တန်းအဆင့်(၃၆)ဦး၊ မူလတန်းအဆင့်(၂၄)ဦး စုစုပေါင်း ပြိုင်ပွဲဝင်  ကျောင်းသား၊ ကျောင်းသူ(၉၉)ဦး ဝင်ရောက်၍ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို  ယှဥ်ပြိုင်ချိန်(၁)နာရီ၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများအား ယှဥ်ပြိုင်ချိန်(၃)နာရီ သတ်မှတ်၍ ယှဥ်ပြိုင်ဖြေဆိုလျက်ရှိကြောင်း  သိရသည်။


မောင်လွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)