ကရင်ပြည်နယ်၊ ကမမောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေတက်ရောက်မှုကြောင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးစခန်းများသို့ ယာယီရွှေ့ပြောင်းထားရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်၊ ကမမောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေတက်ရောက်မှုကြောင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးစခန်းများသို့ ယာယီရွှေ့ပြောင်းထားရ





MNP ၊ ဩဂုတ် ၁၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ နေအိမ်များသို့ ရေများဝင်ရောက်လျက်ရှိပြီး ဩဂုတ်လ၈ရက်နေ့ ညနေပိုင်းမှစ၍ ရေဘေးသင့်အိမ်ထောင်စုများအား ရေဘေးကယ်ဆယ်ရေးစခန်းသို့ ယာယီပြောင်းရွှေ့ပေးလျက်ရှိသည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းကြောင့် ကယ်ဆယ်ရွှေ့ပြောင်းခြင်းလုပ်ငန်းများကို ခရိုင်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချူပ်ရေးမှူးဦးတင့်ဇော်၊ ဖာပွန်မြို့နယ်အုပ်ချူပ်ရေးမှူးဦးအေးမင်း၊ ကမမောင်းမြို့အုပ်ချူပ်ရေးမှူးဦးသန်းလင်း၊ မြို့မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ရေဝင်ရောက်သည့် ရပ်ကွက်များမှ အိမ်ထောင်စု (၆၀) စု၊ လူဦးရေ(၃၀၈)ဦးတို့အား ရေဘေးကယ်ဆယ်ရေးစခန်းများဖြစ်သည့် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ပြောင်းရွှေ့အိမ်ထောင်စုများအား ကမမောင်းမြို့တိုက်နယ်ဆရာဝန်ဒေါက်တာဆုရဲထက်မှ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်းသိရသည်။


ကျော်ဟိန်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)