မြဝတီမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၅)ခု ဖွင့်လှစ်ထားပြီး ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၅)ခု ဖွင့်လှစ်ထားပြီး ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်





MNP ၊ သြဂုတ် ၁၀

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် သြဂုတ်လ ၃ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာထက် ကျော်လွန်ပြီး မြစ်ရေလျှံတက်မှုဖြစ်ပွားကာ နေအိမ်များရေနစ်မြုပ်မှုဖြစ်ပွားလျက်ရှိသည်။

အဆိုပါ ရေဘေးသင့်နေရာမှ ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်း ၅ ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားလျှက်ရှိပြီး ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများမှ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေဘေးရှောင်အိမ်ထောင်စု(၃၇၉)စုမှ ကျား (၇၄၈) ဦး၊ မ(၈၁၄)ဦး၊ စုစုပေါင်းလူဦးရေ (၁၅၆၂) ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၂၈၀၂၀၀ိ/-) ကျပ်အား ယမန်နေ့က သွားရောက်ထောက်ပံ့ပေးအပ်သည်။

ထိုသို့ ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိန်လင်းအောင် 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)