ဘားအံမြို့၌ ယာယီရေးဘေးကယ်ဆယ်ရေး စခန်း (၉) ခု ဖွင့်လှစ်၍ ရေဘေးသင့်ပြည်သူ (၄၅၀၀)ကျော်အား ပြောင်းရွှေ့နေရာချထားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့၌ ယာယီရေးဘေးကယ်ဆယ်ရေး စခန်း (၉) ခု ဖွင့်လှစ်၍ ရေဘေးသင့်ပြည်သူ (၄၅၀၀)ကျော်အား ပြောင်းရွှေ့နေရာချထားပေး






MNP ၊ ဩဂုတ် ၁၀

ကရင်ပြည်နယ်၊ ဘားအံမြို့၌  သံလွင်မြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၉၂  စင်တီမီတာသို့ ရောက်ရှိနေပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်များ၌  နေအိမ်များထပ်မံရေနစ်မြုပ်လျက်ရှိရာ ခရိုင်၊ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက  အောင်နန်း၊ အုတ်ဖို၊ ဝါဆိုဦး၊ ဆယ်အိမ်စု၊ လှာကမြင်ရပ်ကွက်များရှိ လူနေအိမ်များမှ အိမ်ထောင်စုများ၊ ပစ္စည်းများ၊ အိမ်မွေးတိရစ္ဆာန်များအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကူညီပြောင်းရွှေ့နေရာ ချထားပေးခဲ့ကြောင်း သိရသည်။


အဆိုပါမြစ်ရေကြီးမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဘားအံမြို့တွင်  ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများဖြစ်သည့် မိုးလုံလေလုံအားကစားရုံ၊ ဆိုင်ကလုံးရှပ်တာ၊ ကြားတောရ ဘုန်းတော်ကြီးကျောင်း၊ ရွှေယာဉ်မျှော်ဘုရား၊ အ-ထ-က(၃)ကျောင်း၊ အ-မ-က(၁၁)၊ အ-ထ-က(၁)၊ ပြည်နယ်ကမ္မဌာန်း ကျောင်းနှင့် အမှတ် (၂) ဗလီကျောင်း စုစုပေါင်း ယာယီရေဘေးစခန်း(၉)နေရာတွင် အိမ်ထောင်စု (၉၅၃)စု ၊ ကျား(၂၂၁၄)ဦး၊ မ(၂၃၇၅)ဦး စုစုပေါင်း(၄၅၈၉)ဦးအား နေရာချထားပေးပြီး ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ အလှူရှင်များမှဆန်ရိက္ခာထောက်ပံ့ငွေများ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များနှင့် ရေသန့်များ၊  အလှူငွေများ ပေးအပ်လှူဒါန်းထောက်ပံ့ပေးအပ်လျက်ရှိပြီး ဘားအံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။         


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)