MNP ၊ ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးအသိပညာပေးခြင်းနှင့် အာဟာရပြင်ဆင်ချက်ပြုတ် သရုပ်ပြပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်းအဝေးခမ်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အာဟာရဖွံဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဒူးဆာဒီ(ခ)ဒေါ်နွေးနန္ဒာအောင်က အာဟာရကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် အာဟာရချက်ပြုတ်ပြင်ဆင် သရုပ်ပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးကြီးကြပ်(၁) ဦးမျိုးရန်အောင်က ကလေးငယ်များအတွက် အာဟာရဖွံဖြိုးရေး အစားအစာများတွင်ပါဝင်သော အဓိကအစာအုပ်စုကြီး (၃) စုအကြောင်းကိုလည်းကောင်း၊ မွေးကင်းစမှ အသက် (၂) နှစ်အထိ မိခင်နို့ရည်တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန်နှင့် ကျန်းမာရေးနှင့်အညီ အာဟာရပြည့်ဝမျှတစွာ ချက်ပြုတ်ကျွေးမွေးကြရန်တို့ကို အသိပညာပေး ပြောကြားပြီးနောက် အာဟာရမျှတစွာ ပြင်ဆင်ချက်ပြုတ်သရုပ်ပြပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အမှတ် (၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်များမှ ပြိုင်ပွဲဝင်မိခင် (၈) ဦးတို့က အဖွဲ့ (၄) ဖွဲ့ခွဲကာ ပါဝင်ယှဥ်ပြိုင်ကြပြီး အာဟာရချက်ပြုတ်ပြင်ဆင်မှု ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အဖွဲ့များနှင့် အကောင်းဆုံးဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ချက်ပြုတ်ပြင်ဆင်ထားသော အာဟာရများကို တက်ရောက်လာသောမိခင်များ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဒါန လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ
https://t.me/MyanmarNationalPost
No comments:
Post a Comment