MNP ၊ ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း တို့ ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့ နေ့လည် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေ က ကျောင်းသား ၊ကျောင်းသူများ စိတ်ကူးစိတ်သန်း နှင့်ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြတ်စေရန်၊ ကဗျာများကို စိတ်ဝင်စားစွာလေ့လာဖတ်ရှုတတ်စေရန် ရည်ရွယ်ချက်များ ဖြင့် ပြိုင်ပွဲများကျင်းပ ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကဗျာရွတ်ပြိုင်ပွဲ အား ဆက်လက်ကျင်းပရာ မူလတန်းအဆင်းနှင့် အလယ်အဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅) ဦးဝင်ရောက်ယဉ်ပြိုင်ကြပြီး ပထမ၊ဒုတိယ၊တတိယဆု ရရှိသူများကို တာဝန်ရှိ သူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment